ငပုဝောာမြို့နယ်၌ အသက်၁၈နှစ်နှင့်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စိစစ်ကောက်ယူခြင်းများဆောင်ရွက်

ငပုဝောာ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စုနှင့် ဟင်းအိုးချောင်းကျေးရွာအုပ်စုတို့တွင် အသက် ၁၈ နှစ်နှင့် အထက်လူဦးရေ စာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စိစစ်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ စာရင်းများကောက်ယူရာတွင် မြေပြင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် ကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရာလိပ်စာ အစီအစဉ်အလိုက်ဖြည့်သွင်းခြင်း၊ မြေပြင်တွင်နေထိုင်မှု ရှိ/မရှိ စိစစ်ခြင်း၊ သေဆုံးသူစာရင်းများ စိစစ်ခြင်း၊ စာရင်းတွင် ပါဝင်သော်လည်း မြေပြင်တွင်နေထိုင်နေမှု ရှိ/မရှိ စိစစ်‌စစ်ဆေးဆောင်ရွက်ခြင်း၊ စာရင်း၌ မပါဝင်ဘဲမည့်သည့်လက်မှတ်မျှ ကိုင်ဆောင်ထားခြင်းမရှိသောသူများကို စစ်ဆေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသေးသောသူများအား ပန်းခင်းစီမံချက်(၃)အရ အိမ်ထောင်စု စာရင်းတစ်မျိုးမျိုး ထုတ်ပေးရန်အတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအလိုက် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)