ရေကြည် ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အ.မ.က (ဘုရားကြီးကုန်း)ကျောင်းခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကလေးသူငယ်များ အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးခင်ဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းမေမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရေကြည်မြို့မစခန်းမှုး ဒုရဲမှူး ညွန့်အောင်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ပတ်သက်သော ပုဒ်မများ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် ပတ်သက်သော အကြောင်းအရာများအား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/သူများမှ သိလိုသော အကြောင်းအရာများအား ပြန်လည်မေးမြန်းခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ရေကြည်မြို့မစခန်းမှူး ဒုရဲမှူး ညွန့်အောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းမေ၊ မြို့နယ်ပညာရေးမှူး ဦးခင်ဌေး၊ ကျောင်းဆရာ/မများ၊ ကျောင်းသား (၁၂၅)ဦး၊ ကျောင်းသူ(၁၂၀)ဦး၊ ကျောင်းသားမိဘ (၆၀)ဦး၊ စုစုပေါင်းအင်အား (၃၀၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)