သာစည် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာများ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်းနှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ဖေဖော်ဝါရီ ၄ ရက်က မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသက်ဝင်းနှင့် ဝန်ထမ်းများသည် ဦးစွာ ကပ်ကျေးအင်းကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေ ကျပ်သန်း ၂၀ ဖြင့် ဆောင်ရွက်ထားသည့် ဂါလံ ၂၄၀၀ ဆံ့စင်မြင့် ရေစင်နှင့်ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ကြည့်ရှုရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီတို့က လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ဆည်ကြီး ကျေးရွာအုပ်စု ဆည်ကြီး (မ)ကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေကျပ် ၁၈ သန်းဖြင့် ဆောင်ရွက်ထားသည့် အရှည် ၅၄၀ ပေ၊အကျယ် ၁၂ ပေနှင့်ထု ၆ လက်မရှိ ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းထားမှုကိုလည်းကောင်း၊ ကျောက်ပုံကုန်းကျေးရွာ၌ မြစိမ်းရောင်အတိုး ရငွေကျပ် ၂၉ သန်းဖြင့်ဆောင်ရွက်ထားသည့်အရှည် ၈၈၀ ပေ၊အကျယ် ၁၂ နှင့်ထု ၆ လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းထားမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်းနှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သည့်ကျေးရွာ ၅ ရွာရှိပြီး အင်းရွာနှင့်ပေါက်တောကျေးရွာတို့၌ ကွန်ကရစ်လမ်းခင်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)