ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၌ အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများ၏ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား ထုတ်ပြန်ကြေညာ
Oct 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဒူးယားမြို့၊ မြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ် (၁)၊ အမှတ်(၂)၊ အမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅)ရပ်ကွက်များတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒူးယားမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် မဲပေးနိုင် သူများ၏ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းအား စင်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။