သတင်းများ

နောင်ချိုမြို့နယ် အ.ထ.က-၂တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးဟောပြောပွဲ ကျင်းပ
Jul 10,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ
Jul 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ငှက်ပျောပျိုးပင်များစိုက်ပျိုး
Jul 10,2026
အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်ဝစေရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် နေ့စဉ်ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ မြေလွတ်၊ မြေလပ်များတွင် သီးမွှေး၊ ဖီးကြမ်း ငှက်ပျောပင်များစိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် လက်ဆွဲကောက်စိုက်စက် (Drum Seeder) ဖြင့် စိုက်ပျိုးမှု တောင်သူလက်တွေ့သရုပ်ပြသ
Jul 10,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်ဇွန်ကျေးရွာ ကွင်းအမှတ် (၄၂၁)၊ မင်းရွာကွင်းရှိ တောင်သူ ဦးခင်အေးနိုင်၏မိုးစပါးစိုက် လယ်မြေတွင် ရေဆင်းပေါ်ဆင်း- ၁ စပါးမျိုးအား လက်ဆွဲကောက်စိုက်စက် (Drum Seeder) ဖြင့် စိုက်ပျိုးမှု တောင်သူလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရေဖြူမြို့နယ်၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြ
Jul 10,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရေဖြူမြို့ (ခ)ရပ်ကွက် တောင်သူဦးနိုင်ထွေး၏ လယ်မြေ၃ဧကတွင် ကျင်းပရာ (က)၊ (ခ)ရပ်ကွက်၊ ညင်းထွေး၊ ကျောက်ထောင့်၊ နတ်တွင်းကျေးရွာအုပ်စုများရှိ လယ်စိုက်တောင်သူများ တက်ရောက်လေ့လာကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကိရိယာ(Seeder)အသုံးပြု၍ လယ်မြေများတွင် အစေ့ချစိုက်ပျိုးပုံနည်းစနစ်များကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် မူလတန်းကျောင်းသား/ သူများအား နွားနို့နှင့် ကြက်ဥပြုတ်အာဟာရတိုက်ကျွေး
Jul 10,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် အခြေခံပညာကျောင်းသား/သူများအား နွားနို့နှင့် ကြက်ဥပြုတ် ဖြည့်စွက်အာဟာရတိုက်ကျွေးခြင်းအခမ်းအနားကို ဇူလိုင်လ (၉) ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာ၊ အထက-ကံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မင်းလှမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 10,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ဒက္ခိဏသီရိမြို့နယ်၌ တီဘီရောဂါကင်းဝေးစေရေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 10,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါကင်းဝေးစေရေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၇ ရက်နေ့က အုန်းတောဘုန်းကြီးကျောင်းနှင့် ဒက္ခိဏရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်ခဲ့သည်။