သတင်းများ

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား တက်ရောက်
Jul 10,2026
နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် အသိပညာ‌ပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးခင်မောင်လတ်နှင့် ဦးထွန်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်‌ရောက်ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ)ပေါင်လင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jul 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း၌ ကျင်းပသည်။
တာချီလိတ်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 10,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာပြီး ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရန်အောင်မြေရပ်ကွက်ရှိ အမှတ် (၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတွင် ကျင်းပပြုလုပ်သည်။
တွံ​တေးမြို့နယ် ဒလ-တွံ​တေးကားလမ်းရှိ ဘုရားငုတ္တိုလမ်းဆုံတွင် ​ဘေးတွဲ​/အိုး​ဝေ​မောင်းနှင်သူ များအား​တွေ့ဆုံ၍ ယာဥ်/လမ်းစည်းကမ်း အသိပညာ​ပေး​ ဟောပြောခြင်း၊ လက်ကမ်းစာ​စောင်ဖြန့်​ဝေခြင်းဆောင်ရွက် ​
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ဘုရားငုတ္တို​ကျေးရွာ ဒလ-တွံ​တေး ကားလမ်းရှိ ဘုရားငုတ္တိုလမ်းဆုံတွင် ​ဘေးတွဲ​မောင်းနှင်သူ/အိုး​ဝေ​မောင်းနှင်သူများအား​တွေ့ဆုံ၍ ယာဥ်/လမ်းစည်းကမ်း အသိပညာ​ပေး​ဟောပြောခြင်း လက်ကမ်းစာ​စောင်ဖြန့်​ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Jul 10,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့က အမှတ်(၁၂)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ကြို့ပင်ကောက်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 10,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးထက်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ငါးသိုင်းချောင်းမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး ပန်းအလှပင်များစိုက်ပျိုးခြင်းဆောင်ရွက်
Jul 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ယနေ့နံနက်က မြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက မြို့အတွင်းရှိအောင်ဇေယျလမ်း၊ ဘုရားလမ်းနှင့် မြို့အဝင်ဆိုင်းဘုတ်အနီး၌ ပန်းအလှပင်များစိုက်ပျိုး ဆောင်ရွက်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ သံဃနာယကသင်တန်း၊ ဝိနည်းဓိုရ်(ဆင့်ပွား)သင်တန်းနှင့် သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဥပဒေဆိုင်ရာအကြောင်းအရာများအား အသိပညာပေးဆွေးနွေး
Jul 10,2026
ရှမ်းပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်ပေါင်းစုံ)ကကြီးမှူး၍ သံဃနာယကသင်တန်း၊ ဝိနည်းဓိုရ်(ဆင့်ပွား)သင်တန်းနှင့် သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းရေးအလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်၌ ကျင်းပလျက်ရှိရာ ဇူလိုင်လ(၁၀)ရက်နေ့၊ မနက်ပိုင်းက၊ ရှမ်းပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံသည် အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဥပဒေဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။