သတင်းများ

ဒေးဒရဲမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(အေးရွာသစ်)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့ မွန်းလွဲ (၂) နာရီက အေးရွာသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ U-14 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jul 10,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ U-14 အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောက်ပိုင်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟော ပြောပွဲကို ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ အ.ထ.က (အလယ်စု)၌ ကျင်းပ
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီးစာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ တွံတေးမြို့ အ.ထ.က(အလယ်စု)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ငါန်းဇွန်မြို့၌ ယူရီးယားဓာတ်မြေဩဇာ စုပေါင်းရောင်းချခြင်းနှင့် တောင်သူပညာပေးသင်တန်းအခမ်းအနားကျင်းပ
Jul 10,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၆-၂၀၂၇ ခုနှစ် မိုးသီးနှံစိုက်ပျိုးထားသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ သွင်းအားစုများ ဖြန်ဖြူးရောင်းချခြင်းနှင့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်ရေး တောင်သူပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
သထုံမြို့၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲပြုလုပ်
Jul 10,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ဘင်လှိုင်အောက် အခြေခံပညာ မူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေး‌ ဟောပြောခြင်း စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
အောင်လံမြို့နယ်၊ မုဒြာစာကြည့်တိုက်နှင့် မဟာနွယ်စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လွှဲပြောင်းပေးအပ်
Jul 10,2026
​မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးသည့် စာအုပ်စာစောင်များအား အောင်လံမြို့နယ်အတွင်းရှိ မုဒြာစာကြည့်တိုက်နှင့် မဟာနွယ်စာကြည့်တိုက်များသို့ လွှဲပြောင်းပေးအပ််ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အောင်လံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ လူမှောင်ခို၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 10,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား လူမှောင်ခို၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က မင်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မင်းလက်ဝါးခန်းခ)၌ ကျင်းပပြုလုပ်ခဲ့သည်။