သတင်းများ

ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဆိုလာစနစ် ရေတင်စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 10,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆိုလာစနစ် ရေတင်စီမံကိန်းလုပ်ငန်းများအား ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုများအား ကြပ်မတ်ကြည့်ရှုစစ်ဆေး
Jul 10,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားအုံးဆီ လက်လီ/လက်ကား အရောင်းဆိုင်များအား ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက စားအုန်းဆီရောင်းချနေမှုများအား ကြပ်မတ်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများမြင့်တက်လာသဖြင့် ကြာအင်းချောင်းပေါ်ရှိ ရေမြုတ်တံတားပေါ်သို့ တောင်ကျရေ  (၄)ပေခန့်ကျော်လွန်
Jul 10,2026
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်အတွင်း မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် လှိုင်းဘွဲမြို့နယ်နှင့် မြိုင်ကြီးငူ(အထူးဒေသ)ကို ဆက်သွယ်ပေးထားသော မော်တော်ကားလမ်းပေါ်မှကြာအင်းကျေးရွာအနီးရှိ ရေမြုပ်တံတားပေါ်သို့ တောင်ကျချောင်းရေများ (၄)ပေခန့်ကျော်လွန်မြင့်တက်လာသဖြင့် ယနေ့နံနက် ၉ နာရီမှ စတင်၍ လူနှင့် မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များ   ဖြတ်သန်းသွားလာ၍ မရတော့ကြောင်းသိရသည်။
နတ်တလင်းမြို့နယ် အ.ထ.က (တာပွန်)၌ လူငယ်စကားဝိုင်းကျင်းပ
Jul 10,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန် အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက် မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယ‌နေ့နံနက် ၉ နာရီက အ.ထ.က (တာပွန်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကရိတ်တပ်နယ်အတွင်း ရာသီသီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်
Jul 10,2026
ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆယ်မျိုးဆယ်ဘောင် ရာသီသီးနှံများ စိုက်ပျိုး နိုင်စေရေးအတွက် ကော့ကရိတ်မြို့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်ခန်းမ၌ ယမန်နေ့က ရာသီသီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်သည်။
ပဲခူးတက္ကသိုလ်၌ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Jul 10,2026
ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/ သူများ၊ ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
တီးတိန်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေး
Jul 10,2026
ချင်းပြည်နယ်၊ တီးတိန်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တီးတိန်မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်၏ရက် (၁၀၀) လမင်းစီမံချက်ဖြင့်‌ ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ခရမ်းမြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်လျော့ချရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးဓာတ်ကြွင်းအာ နိသင်လျော့ချရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ကြာကန်ကျေးရွာ၌ တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့‌ကြောင်း သိရသည်။