မွန်ပြည်နယ် ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
Oct 03,2025
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူစစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ ၂၀၂၄- ၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်/ကောလိပ်မှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ တပ်ဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက် သည်။