သတင်းများ

ကဝမြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 10,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀) နာရီက မူလွန်(ဖလေးမြောက်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့ အ.ထ.က(၁)ကျောင်းဝန်းအတွင်း ငှက်ပျောပင်များစိုက်ပျိုး
Jul 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ငှက်ပျောပင်များကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ သုခမင်္ဂလာရွေ့လျားဆေးကုသရေးယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအခမဲ့ဆောင်ရွက်
Jul 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုများကို အလွယ်တကူ လက်လှမ်းမီရရှိစေရေးနှင့် ရောဂါများကိုစောစီးစွာ ရှာဖွေကုသနိုင်စေရေး ရည်ရွယ်၍ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သုခမင်္ဂလာ ရွေ့လျားဆေးကုသရေး ယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ (၁၅) လမ်းရှိ ကုန်တင်ကုန်ချကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွားရရှိ‌ပြီးစာဖတ်ရှိန် ပိုမိုမြင့်မား လာစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus)ဖြင့် ဝန်ထမ်းများ၊ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများအရောက် စာအုပ်များ သွားရောက်‌ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် အင်းစိန်မြို့နယ်‌ စည်ပင်သာယာ​ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် အမက(၁)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများထံသို့ သွားရောက်ပြီး  သုတ/ရသ  စာအုပ်၊စာစောင်မျိုးစုံ  ယူဆောင်၍  သွားရောက်ငှားရမ်း ပေးခဲ့သည်။
ဒလမြို့နယ်၌ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် မိုးစံပါး စံပြကွက် ကွင်းသရုပ်ပြစိုက်ပျိုးပွဲနှင့် သဘာဝမြေဩဇာ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် မိုးစပါးစံပြကွက် စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သော သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် Rice Export Zone တွင်ပါဝင်သောတောင်သူများအား Rice Exporter ကုမ္ပဏီ များမှ ထောက်ပံ့‌ငွေ‌ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရဲချောင်းဝကျေးရွာအုပ်စု၊ ရဲချောင်းဝကျေးရွာ၊ ကွင်းအမှတ်(၁၉၆-ခ)၊ဦးပိုင်အမှတ် (၁/၁၊၁/၂၊၁/၃)၊ ဧရိယာ(၅)ဧက၊ တောင်သူ ဦးဝင်းမြင့်ပါ (၃)ဦး၏ လယ်ယာမြေတွင် ကျင်းပပြုလုပ်သည်။
ရေဖြူမြို့နယ်၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြ
Jul 10,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီ က ရေဖြူမြို့ (ခ)ရပ်ကွက် တောင်သူဦးနိုင်ထွေး၏ လယ်မြေ၃ဧကတွင် ကျင်းပရာ (က)၊ (ခ)ရပ်ကွက်၊ ညင်းထွေး၊ ကျောက်ထောင့်၊ နတ်တွင်းကျေးရွာအုပ်စုများရှိ လယ်စိုက်တောင်သူများ တက်ရောက်လေ့လာကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကိရိယာ(Seeder)အသုံးပြု၍ လယ်မြေများတွင် အစေ့ချစိုက်ပျိုးပုံနည်းစနစ်များကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်ဝင်းညွှန့် ရေးသားသည့် “အောင်မြင်ရေးအတွေးအခေါ် ၅၀” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်ဝင်းညွှန့် ရေးသားသည့် "အောင်မြင်ရေးအတွေးအခေါ် ၅၀” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့လယ် (၃) နာရီက ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗဟုသုတတိုးပွားစေရေး အသိပညာပေး‌ ဟောပြောခြင်း၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ယမန်နေ့က အမှတ်(၁‌၁)ရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာ မူလတန်း‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။