မြောက်ဥက္ကလာပ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ပြင်ပစာပေဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲဂိမ်းကစားနည်း ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီ အမှတ်(၅)အခြေခံ ပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။
ဦးစွာ အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝေက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ၊ပြိုင်ပွဲများ ကျင်းပပြုလုပ် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးသိန်းဝင်းဇော်က " စာဖတ်ခြင်း၏ ရလဒ် အကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာဗဟုသုတများအား အကျယ်တ၀င့် ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထောက်ပံ့ လှူဒါန်းသော သုတ၊ရသစာအုပ်များအား မြို့နယ်ဦးစီးမှူးက ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် ဂိမ်းကစားနည်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ အမှတ်(၅) အခြေခံပညာမူလတန်း ကျောင်းမှကျောင်းသား၊ ကျောင်းသူလေးများက ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူများကို တာ၀န်ရှိသူများက အမှတ်တရလက်ဆောင်များချီးမြှင့် ပေးအပ်ခဲ့ကြသည်။ ယင်းနောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား၊ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)