သတင်းများ

ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ တတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Sep 07,2025
မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပသည်။
မိုင်းရယ်မြို့နယ် မန်ဖိုင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်
Sep 07,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် မန်ဖိုင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်‌ပေးနိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မန်ဖိုင် ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်း‌ဆောင်ရွက်သည်။
မင်္ဂလာဒုံမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်
Sep 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများစာပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှရရှိသောစာဖတ်ခြင်း၏အကျိုးကျေးဇူးများကို တစ်ဦးနှင့်တစ်ဦးအပြန်အလှန် အမြင်ချင်းဖလှယ်ခွင့်ရရှိစေရန်ရည်ရွယ်၍ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)မှအဖွဲ့ဝင်များသည် စာရေးဆရာမြသန်းတင့်၏ ဧကရီဖွားစောစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်
Sep 07,2025
မွန်ပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က မွန်ပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
သန်လျင်မြို့နယ်အတွင်းဆောင်ရွက်မည့် ရွေးကောက်ပွဲမဲရုံများ ကြည့်ရှု
Sep 07,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲအတွက် လျာထားစီစဉ်ထားသည့်မဲရုံများအား ယနေ့နံနက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လျာထားမဲရုံထားရှိမည့်နေရာများအား ကွင်းဆင်းစစ်ဆေး
Sep 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ  လျာထားမဲရုံးထားရှိမည့်နေရာများကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲအခမ်းအနား ကျင်းပ
Sep 07,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း သာသနာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်စေရန်အတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ်သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့၌ ရွှေညောင်ပင်ကျောင်းတိုက်တွင် ​မြို့နယ်သံဃနာယကအဖွဲ့ အတည်ပြုခန့်အပ်လွှာ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ
Sep 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ​ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီမီးဓမ္မာရုံတော်ကြီး၌ ယနေ့နံနက် ၇ နာရီက မြို့နယ်သံဃနာယကအဖွဲ့ အတည်ပြုခန့်အပ်လွှာဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပခဲ့သည်။