သတင်းများ

သုံးခွမြို့နယ် အနောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အနောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လည် ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး သာသနာ့ဝန်ဆောင်များအား စိစစ်ရွေးချယ်
Jul 10,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်က ဗုဒ္ဓသာသနာတော်၏ ဓူရနှစ်ဖြာကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူကြသည့် ရဟန်းတော်၊ သီလရှင်များနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းလျက်ရှိသော လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး ကချင်ပြည်နယ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ရေနံချောင်းမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 10,2026
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
နောင်ချိုမြို့နယ် အ.ထ.က-၂တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးဟောပြောပွဲ ကျင်းပ
Jul 10,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ
Jul 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ငှက်ပျောပျိုးပင်များစိုက်ပျိုး
Jul 10,2026
အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်ဝစေရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် နေ့စဉ်ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ မြေလွတ်၊ မြေလပ်များတွင် သီးမွှေး၊ ဖီးကြမ်း ငှက်ပျောပင်များစိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် လက်ဆွဲကောက်စိုက်စက် (Drum Seeder) ဖြင့် စိုက်ပျိုးမှု တောင်သူလက်တွေ့သရုပ်ပြသ
Jul 10,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်ဇွန်ကျေးရွာ ကွင်းအမှတ် (၄၂၁)၊ မင်းရွာကွင်းရှိ တောင်သူ ဦးခင်အေးနိုင်၏မိုးစပါးစိုက် လယ်မြေတွင် ရေဆင်းပေါ်ဆင်း- ၁ စပါးမျိုးအား လက်ဆွဲကောက်စိုက်စက် (Drum Seeder) ဖြင့် စိုက်ပျိုးမှု တောင်သူလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရေဖြူမြို့နယ်၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြ
Jul 10,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရေဖြူမြို့ (ခ)ရပ်ကွက် တောင်သူဦးနိုင်ထွေး၏ လယ်မြေ၃ဧကတွင် ကျင်းပရာ (က)၊ (ခ)ရပ်ကွက်၊ ညင်းထွေး၊ ကျောက်ထောင့်၊ နတ်တွင်းကျေးရွာအုပ်စုများရှိ လယ်စိုက်တောင်သူများ တက်ရောက်လေ့လာကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကိရိယာ(Seeder)အသုံးပြု၍ လယ်မြေများတွင် အစေ့ချစိုက်ပျိုးပုံနည်းစနစ်များကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။