သတင်းများ

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများကို ထောက်ပံ့ငွေပေးအပ်
Aug 26,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်‌ တောင်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက သရက်တပင်ကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှု စခန်း၌ ပြုလုပ်သည်။
မချမ်းဘော့မြို့နယ်၊ နမ်ခမ်းကျေးရွာ၌ အာဖရိက၀က်အပြင်းဖျားရောဂါနှင့် ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေး ကျင့်စဉ်များအကြောင်း အသိပညာပေးဟောပြော
Aug 26,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ကြီးမှူး၍ အာဖရိက ၀က်အပြင်းဖျားရောဂါနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်များအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက မချမ်းဘော့မြို့နယ်၊ နမ်ခမ်းကျေးရွာ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
သံဖြူဇရပ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ စပါးမျိုးစေ့ထုတ် စိုက်ခင်းအတွက် ထောက်ပံ့ငွေပေးအပ်
Aug 26,2020
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စပါးမျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်မည့် တောင်သူများအား ထောက်ပံ့ငွေပေး အပ်ခြင်းကို ယနေ့ နံနက် ၁ဝ နာရီက
တောင်တွင်းကြီးမြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အ‌‌ထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ရရှိရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ခြင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက ချောင်းနက် ကျေးရွာအုပ်စုသို့ ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ ဆုံဆို့ရောဂါသံသယလူနာသုံးဦး၏ အာခေါင်တို့ဘတ်နမူနာအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ စစ်ဆေးထားရှိ
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့ဆေးရုံမှ ဆုံဆို့နာရောဂါ သံသယလူနာသုံးဦး၏ အာခေါင်တို့ဘက်နမူနားအား ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သြဂုတ်လ ၂၅ ရက်က ပို့ဆောင်စစ်ဆေးထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်ထံက သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်ပ
Aug 26,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ‌ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာပါက မဲဆန္ဒရှင်စာရင်းများပြည်စုံမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးတို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဇမိရတနာခန်းမ၌ ကျင်းပသည်။
တောင်ငူခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 26,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ထန်းတပင်မြို့နယ် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 26,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။