သံဖြူဇရပ် ဩဂုတ် ၂၆
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စပါးမျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်မည့် တောင်သူများအား ထောက်ပံ့ငွေပေး အပ်ခြင်းကို ယနေ့ နံနက် ၁ဝ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပရာ မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ တောင်သူ များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းအောင်သန်းက “ဒေသအတွင်း စိုက်ပျိုး ထုတ်လုပ်သည့် ဆန်စပါးများသည် မျိုးဗီဇနှင့် မြေအခြေအနေများကြောင့် အရည်အသွေး ကျဆင်းလာကာ အရည်အသွေးကောင်းမွန်သည့် ဆန်စပါးများကို ပြောင်းလဲစိုက်ပျိုးနိုင်ရန်အတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် မျိုးစေ့ထုတ် တောင်သူများအား ငွေကြေးထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း” ပြောကြားသည်။
ထိုနောက် သံဖြူဇရပ်မြို့နယ်အတွင်း မျိုးစေ့ထုတ်စိုက်ဧက(၅၀)အတွက် တစ်ဧကလျှင် ပေါ်ဆန်း ရင်မျိုးစပါး တစ်တင်းနှုန်းအပါအဝင် စိုက်ပျိုးစရိတ်အဖြစ် တစ်ဧကကျပ်(၈၅၅၀၀)နှုန်းဖြင့် ငွေကျပ်(၄၂၇ ၅၀၀၀)ကိုတောင်သူများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူး တို့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အေးအေးသီ (ပြန်/ဆက်)