သတင်းများ

ဆိပ်ဖြူမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
တောင်ငူ၌ မြို့နယ် ရွေး​ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီမှ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Aug 26,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီမှ ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး Mask မတပ်ဆင်သူများကို အသိပညာပေးပြီး အခမဲ့ဝေငှတပ်ဆင်မှုများပြုလုပ်
Aug 26,2020
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမရှိ‌စေ‌ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကုသရေးကော်မတီမှ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်း‌ပေါ်၌ သွားလာလှုပ်ရှား နေကြ သူများကို Mask များအခမဲ့ ဖြန့်ဝေပေးပြီး တပ်ဆင်သွားလာကြစေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဒုံသမိချောင်းရေမြင့်တက်လာသဖြင့် ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းနေထိုင်သူများ ပြောင်းရွေ့နေရာချထားပေး
Aug 26,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာရာ ဒူးရင်းဆိပ် ကျေးရွာ အနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေအိမ်အချို့ ရေဝင်ရောက်ခဲ့သဖြင့် ယနေ့ နံနက်က ပြောင်းရွှေ့နေရာချထားမှုများ ပြုလုပ်ထားကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Aug 26,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်နှင့် ပညာရေးကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့်ဝင်ရောက်လာသော နေရပ်ပြန် ကျား(၆၃)ဦးနှင့်မ(၅၉)ဦး စုစုပေါင်း(၁၂၂)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကွီးလေးကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအား အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများပေးအပ်
Aug 26,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှပေးအပ်သောထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းတွင် ကွီးလေးကျေရွာ၌ တာဝန်ရှိသူများမှ ကာယကံရှင်များ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ လမိုင်းမြို့တွင် နေအိမ်ပြင်ပထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်အသုံးပြုရန် လိုက်လံ အသိပေး နှိုးဆော်
Aug 26,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပထွက်ခွာလျှင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် လိုက်လံအသိပေးနှိုးဆော်ရေးကို မြို့မ(၂)၊ မြို့မ(၃) အုပ်ချုပ်ရေးမှူးတို့က ယနေ့ နံနက် ၁၁ နာရီ မှ စတင်ကာ မြို့ပတ်၍ လိုက်လံ အသိပေး နှိုးဆော်ခဲ့သည်။
ဘောဂလိမြို့တွင် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများနှင့် Nestle အမှတ်တံဆိပ် မိခင်နို့အစားထိုး စားသောက်ကုန်များတွင် မြန်မာစာအညွှန်းပြည့်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Aug 26,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများရောင်းချမှုမရှိရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ပေါ် (၄) ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။