ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာပါက မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးတို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဇမိရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက ဒုတိယအကြိမ် မဲစာရင်းကြေညာအချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ တစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေး စိစစ်ဆောင်ရွက်ရန်၊ ပြည်သူများမဲပေးစေရေးအတွက်သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ခံဌာနဆိုင်ရာများမှ နှိုးဆော်ဆောင်ရွက်ရန်၊ လိုအပ်ချက်အခက်အခဲများရှိပါက တင်ပြကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်လွင်က မဲဆန္ဒရှင်စာရင်များထပ်မံစိစစ်မှုအခြေအနေ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများတိုးလာသည့်အတွက် မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ လိုအပ်ချက်အခြေအနေ၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄- ဂ) တို့ဖြင့် လျှောက်ထားမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများမှ သိရှိလိုသည်များကိုမေးမြန်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သဲဝါ(ပြန်/ဆက်)