သတင်းများ

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Aug 26,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အိန္ဒိယနိုင်ငံမှ လာရောက်သည့် MT CHEMBULK ULSAN သင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦးနှင့် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV-HARVEST SKY ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦး စုစုပေါင်းသင်္ဘောသား (၃၈) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Aug 26,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ မသန်စွမ်းသူများအား နိုင်ငံတော်မှ ပေးအပ်သော ​ထောက်ပံ့ငွေများကို ယနေ့ တွင် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်၌ မဲရုံနေရာထားရှိရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း ကြည့်ရှု
Aug 26,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း မဲပေးရာတွင် အဆင်ပြေစေရေးအတွက် အသုံးပြုမည့် မဲရုံနေရာများ ကွင်းဆင်းကြည့်ရှုခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်အတွင်းရှိ စည်ပင်သာယာရေးဓမ္မာရုံနှင့် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းတို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်မေမေသန်း၊ ပညာရေး ဌာနမှတာဝန်ရှိသူများနှင့် ရပ်ကွက်တာဝန်ခံတို့က ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်
Aug 26,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ခရီးသွားပြည်သူများနှင့် အဝေးပြေး ခရီးသည်တင်ယာဉ်များအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်က ဇီးကုန်းမြို့နယ်၌ ဆောင်ရွက်ခဲ့ကြသည်။
စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက် သီဟ-ဇေယျလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Aug 26,2020
မကွေးတိုင်းဒေသကြီး ၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအား သွားလာရေး ပိုမိုကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)ရပ်ကွက်ရှိ သီဟ-ဇေယျလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့်  ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။
အမာမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းက စာရေးဆရာဖေမြင့် ရေးသားသော "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်သည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွား​ရေးကုစားမှုအစီအစဉ်(CERP)အရ​​ မိုးစပါးမျိုး​စေ့ထုတ်​ တောင်သူများအား​ ထောက်ပံ့​ငွေ​ပေးအပ်
Aug 26,2020
ပဲခူးခရိုင်၊​ကျောက်တံခါးမြို့နယ်တွင် စိုက်ပျိုး​ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးမျိုး​စေ့ထုတ်လုပ်​ဆောင်ရွက်သည့် ​တောင်သူများအား ကိုဗစ်-၁၉ စီးပွား​​ရေးကုစားမှုအစီအစဉ်(CERP)အရ​ ထောက်ပံ့​ငွေ​ပေးအပ်ပွဲကို ယမန်​နေ့၊ နံနက်ပိုင်းက မြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပသည်။
ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ပညာပေး ဆောင်ရွက်လျက်ရှိရာ အဆိုပါပညာပေး လုပ်ငန်းများကို လူထူထပ်သော မြို့လည် အဝိုင်းတွင် လည်းကောင်း၊ မြို့မဈေးတွင် လည်းကောင်း၊ မိုးဗြဲတွင်လည်းကောင်း အဖွဲ့များခွဲ၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။