ထန်းတပင်(ပဲခူး) ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်း အဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဖေက မဲဆန္ဒရှင်စာရင်းကိစ္စများ မဲရုံ လျာထားဆောင်ရွက် ထားရှိမှုများ၊ သင်တန်းများ ဖွင့်လှစ်ရန်ကိစ္စများ မဲစာရင်းမှားယွင်းမှုများနှင့် မဲစာရင်း ကျန်ရှိမှုမရှိစေရေးအတွက် မြို့နယ်နှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူလျက် ပူးပေါင်း ဆောင်ရွက် ကြရန် လိုအပ်သည့်ကိစ္စများအကြောင်းတို့ကို ပြောကြားသည်။
ဆက်လက်၍ ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နော်ဆိုဖီယာစံက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စွာ ဆောင်ရွက်နေမှုအခြေအနေအကြောင်း၊ ကိုဗစ်ကာလ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မည့် အခြေအနေများအကြောင်းနှင့် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် အကြောင်းတို့ကို ပြောကြားခဲ့ သည်။
မြို့နယ် (ပြန်/ဆက်)