သတင်းများ

မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Aug 27,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်နှင့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့်ဝင်ရောက် လာသော နေရပ်ပြန် ကျား(၅၀)ဦး နှင့်မ(၅၂)ဦး စုစုပေါင်း(၁၀၂)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။
ကလောမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုယ်အပူချိန် တိုင်းတာစစ်ဆေး ခြင်းနှင့်အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီအချိန် ကလောမြို့ ပြည်ထောင်စုလမ်းမကြီး မြို့အဝင်ဂိတ်တို့တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်း ညှိနိုင် အစည်း အဝေးကျင်းပ
Aug 27,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့ပေါ်ဈေးနှင့် ကျေးရွာဈေးများတွင် ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်မှုအခြေအနေအားစစ်ဆေး
Aug 27,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် ဈေးများတွင် ဈေးရောင်း/ဈေးဝယ်ပြုလုပ်ရာ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်မှု အခြေအနေများကို ယနေ့ နံနက်(၆) နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Aug 27,2020
ပဲခူးတိုင်းဒေသကြီး၊   သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့ နံနက် ၁၀ နာရီက
လပွတ္တာမြို့၌ အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း များဆောင်ရွက်
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ စည်ပင်သာယာဈေးကြီးအတွင်း၌ အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်း၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်
Aug 27,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန် အတွက် နံနက် ၉ နာရီအချိန်တွင် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လျာထား မဲရုံတည်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လျာထားမဲရုံတည်နေရာများအား လိုက်လံ ကြည့်ရှု စစ်ဆေးဆောင်ရွက်ခြင်းကို ဩဂုတ်လ (၂၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။