မိုင်းဖြတ်၌ ဆုံဆို့ရောဂါသံသယလူနာသုံးဦး၏ အာခေါင်တို့ဘတ်နမူနာအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ စစ်ဆေးထားရှိ

မိုင်းဖြတ်  သြဂုတ် ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့ဆေးရုံမှ ဆုံဆို့နာရောဂါ သံသယလူနာသုံးဦး၏ အာခေါင်တို့ဘက်နမူနားအား ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သြဂုတ်လ ၂၅ ရက်က ပို့ဆောင်စစ်ဆေးထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်ထံက သိရသည်။

ရောဂါသံသယလူနာ သုံးဦးမှာ မိုင်းဟဲအုပ်စု၊ ရှေခင်(၃)အာခါရွာမှအသက် (၃၅)နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ စျေးတန်းကွက်သစ်ရပ်ကွက်မှအသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် ဝမ်လုံကျေးရွာ အုပ်စု၊ နားမွန်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံသယလူနာသုံးဦးမှာ ရှေခင်(၃)ကျေးရွာမှ အသက် ၃၅နှစ်အရွယ် အမျိုးသမီးမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အစာနှင့်ရေသောက်ရခက်ခြင်းနှင့် အာသီးရောင်ပြည်တည်ခြင်း စသည့်ရောဂါလက္ခာဖြင့် သြဂုတ်လ ၂၁ရက် ကလည်းကောင်း၊ စျေးတန်းကွက်သစ်ရပ်ကွက်မှ အသက် ၂၅နှစ်အရွယ် အမျိုး သမီးမှာ ဖျာခြင်း၊ လည်ချောင်းနာခြင်း၊ အာသီးရောင်ပြည်တည်ခြင်း ရောဂါလက္ခဏာဖြင့် သြဂုတ်လ ၂၁ရက်ကလည်းကောင်း၊ နားမွန်းကျေးရွာမှ အသက် ၁၄နှစ်အရွယ် အမျိုးသမီးမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အစာနှင့်ရေတို့ စားသောက်ရခက်ခြင်း၊ လည်ပင်း၌ အကျိတ်ရောင်ခြင်း၊ အာသီးရောင်ပြည်တည်ခြင်း ရောဂါ လက္ခဏာဖြင့် သြဂုတ်လ ၂၃ရက်ကလည်းကောင်း လာရောက်ပြသကြသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူပြီး ၎င်းတို့၏ အာခေါင်တို့ဘက်နမူနာများကို ရောဂါအဖြေ  သိရှိနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သြဂုတ်လ ၂၅ ရက်က ပို့ဆောင်စစ်ဆေး ထားရှိကြောင်း  သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)