သတင်းများ

နောင်တရားမြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ တောင်သူများသို့ ထောက်ပံ့ငွေပေးအပ်
Aug 26,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ စိုက်ပျိုး ရေးဦးစီးဌာနမှ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းများ အတွက်တောင်သူများသို့ ပထမအကြိမ်ထောက်ပံ့ငွေအဖြစ် လယ်တစ်ဧကလျှင်(၈၃၅၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်း ကို နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ ညနေပိုင်း တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့ (MYNFREL) မှ လူငယ်များအတွက် ဒီမိုကရေစီ နိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေး သင်တန်းဖွင့်လှစ်
Aug 26,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာတွင် ၂၀၂၀ ရွေးကောက်ပွဲ အတွက် လူငယ်များအနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပိုမိုစိတ်ဝင်စားပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပံ့ပိုး ကူညီရေးအဖွဲ့ (MYNFREL) မှ ဒေသခံလူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင်များအား အသိပညာပေးခြင်း သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းထမ်း​ကျေးရွာ ရွှေညောင်ပင်ခန်းမဆောင်၌ ကျင်းပသည်။
ဒေါ့ဖုန်းယန်မြို့ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်လှူဒါန်း
Aug 26,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် တိုးပွားရေးနှင့် စာပေချစ်သူများ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့က စာအုပ်စာစောင်များကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့စာကြည့်တိုက်သို့လာရောက် လှူဒါန်းကြသည်။
မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ပေးရာ၌ လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ပင်စင်စားများအား နေ့အလိုက်ထုတ်ပေး
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ဩဂုတ်(၂၁)ရက် နေ့မှ စတင်၍ လူစုလူဝေးမဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။
ပန်းတနော်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော နေအိမ်(၂)လုံးအား ထောက်ပံ့ပစ္စည်းပေးအပ်
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းအုပ်စု၊ နံဂါတ်ရိုးကျေးရွာတွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော နေအိမ်(၂)လုံးအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပန်းတနော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် ဂေဟစနစ်ကို အခြေခံသည့် ငါးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ
Aug 26,2020
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ဂေဟစနစ်ကို အခြေခံသည့် ငါးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
ကော့သောင်းခရိုင်အတွင်းရှိ မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်ပေါ်နေမှုများအား ဖြည့်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 26,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော့သောင်းခရိုင်အတွင်း မဲပေးကြမည့်မဲဆန္ဒရှင်စာရင်းများမှာ ကွက်လပ်ဖြစ်နေမှုများကို ဖြည့်သွင်းနိုင်ရေး ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမမှာ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။