လမိုင်း ဩဂုတ် ၂၆
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပထွက်ခွာလျှင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် လိုက်လံအသိပေးနှိုးဆော်ရေးကို မြို့မ(၂)၊ မြို့မ(၃) အုပ်ချုပ်ရေးမှူးတို့က ယနေ့ နံနက် ၁၁ နာရီ မှ စတင်ကာ မြို့ပတ်၍ လိုက်လံ အသိပေး နှိုးဆော်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် လက်ကိုမကြာခဏဆေးရန်၊ မဖြစ်မနေ အိမ်အပြင်ထွက်ခွာလျှင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ လက်သန့်ဆေးရည်များကို တစ်ပါတည်း ယူဆောင်သွားကြရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာအဝေးတွင်သာ နေထိုင် သွားလာကြရန် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
တင်ဇာစိုး(လမိုင်း)