ကျိုက်ထို ဩဂုတ် ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကုသရေးကော်မတီမှ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ သွားလာလှုပ်ရှား နေကြ သူများကို Mask များအခမဲ့ ဖြန့်ဝေပေးပြီး တပ်ဆင်သွားလာကြစေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ထွန်းနှင့် အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး ထွန်းအေးသိန်းနှင့် ကျိုက်ထိုမြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကုသရေး ကော်မတီမှ တာဝန်ရှိသူတို့က ပြည်သူများ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရေး၊ မကြာခဏ လက်ဆေးကြရေး၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်ကြ ရေး စသည့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ ကိုလိုက်နာဆောင်ရွက်ကြရန် အသိပေး ဆွေးနွေးပြောကြားပြီး Mask များ အခမဲ့ ဖြန်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)