သတင်းများ

တွန်းဇံ၌ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အခြေခံမဲစာရင်းများ ကွင်းဆင်း စစ်ဆေး
Aug 26,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး အတွက် မဲစာရင်းတိကျ မှန်ကန်မှုရှိရေး ဆောင်ရွက်မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
ပုလောမြို့နယ်တွင် ပုံစံ(၃)၊ ပုံစံ(၄)၊ပုံစံ(၄−ဂ) တို့ဖြင့် တင်သွင်းလာသည့် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းများဆောင်ရွက်
Aug 26,2020
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီသို့ ရပ်ကွက်/ကျေးရွာ အုပ်စု(၄၀)မှ တင်သွင်းလာသည့် ပုံစံ (၃)၊ ပုံစံ(၄)၊ ပုံစ့(၄−ဂ)များကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် စတော်ဘယ်ရီ စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိရန်အတွက် ပုံမှန်စိုက်ပျိုး ချိန်ထက်စော၍စိုက်ပျိုး
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စတော်ဘယ်ရီ စိုက်ပျိုး တောင်သူများ ဈေးကောင်းရရှိရန်အတွက် ပုံမှန်စိုက်ပျိုးချိန်ထက်စော၍ စိုက်ပျိုးလျက်ရှိကြောင်း စတော်ဘယ်ရီ စိုက်ပျိုးတောင်သူ ဦးထွန်းစိန်က ပြောကြားခဲ့သည်။
ပုံပါကျင်မြို့တွင် ခွေးရူးရောဂါ ကာကွယ်တားဆီးရေး ဟောပြောပွဲဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီ က တုံဖိန့်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့၌ Quarantine Centre ဝင်ရောက်နေသော နေရပ်ပြန်ပြည်သူများအား “နမ့်ခုံး” ရှမ်းများ ပရဟိတအသင်းမှ တစ်ကိုယ်ရေသုံး ပစ္စည်းများလှူဒါန်း
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ တောင်ကြီးမြို့ နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မိုးနဲ မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီနှင့် ပူးပေါင်းကာ (Quarantine Center)တွင် ဝင်ရောက် နေကြသော နေရပ်ပြန်ပြည်သူများအား ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က တစ်ကိုယ်ရေသုံး ပစ္စည်းများလာ‌ရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိရန် မျှော်လင့်
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုး ထားသော အစေ့ထုတ်ပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူ များ ထံကသိရသည်။