တောင်ငူ၌ မြို့နယ် ရွေး​ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီမှ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

တောင်ငူ သြဂုတ် ၂၆

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီမှ ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံလှက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ တာဝန်အရ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများ တိုင်ကြား လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး၊ တောင်ငူ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး အတွက် အလေး ထား ဆောင်ရွက်ကြရန် ပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ဇော်ထက် (တောင်ငူ)