ရှမ်းရွာသစ် ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းတွင် ကွီးလေးကျေရွာ၌ တာဝန်ရှိသူများမှ ကာယကံရှင်များ၏လက်ဝယ်အရောက် သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ကွီးလေးကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်ကျေးစာရေးနှင့် တာဝန်ရှိသူများက ကွီးလေးကျေးရွာအုပ်စုအတွင်းရှိ မသန်စွမ်းသူတစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၂၀၀၀၀၀) ကို မသန်စွမ်းသူ ကျား (၂၂) ဦး၊ မ (၁၈) ဦး၊ စုစုပေါင်း (၄၀) ဦးတို့အား နိုင်ငံတော်၏ကိုယ်စား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဝေဠု(ပြန်/ဆက်)