ဆိပ်ဖြူ ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါသည် လက်ရှိ ကူးစက်မှုပြန်လည်မြှင့်တက်နေသည့်အတွက် မြို့နယ်အတွင်း ကူးစက်ပြန့်ပွားခြင်း မရှိစေရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်ဦးဆောင်၍ ဌာနဆိုင်ရာများက မြို့ပေါ် ရပ်ကွက်များနှင့် အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး အနီးတို့တွင် ပြင်ပထွက်ခွာ သွားလာ သူတိုင်း (Mask) နှာခေါင်းစည်းများ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ပြီး (Mask) နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
စိုလင်းနိုင်(IPRD)