ဘောဂလိမြို့တွင် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများနှင့် Nestle အမှတ်တံဆိပ် မိခင်နို့အစားထိုး စားသောက်ကုန်များတွင် မြန်မာစာအညွှန်းပြည့်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ဘောဂလိ ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့အတွင်းရှိ  စားသုံးသူပြည်သူများ  စားသုံးရန်မသင့်သည့်  စားသောက် ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့်  လူသုံးကုန်ပစ္စည်းများရောင်းချမှုမရှိရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ပေါ် (၄) ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် သံတောင်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစောအိုကလိုထူး၊ ဘောဂလိမြို့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများလိုက်ပါလျက် ဘောဂလိမြို့အမှတ်(၄) ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား စားသောက်ကုန်ပစ္စည်းများနှင့်  သုံးစွဲရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိနှင့် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများ၊ Nestle အမှတ်တံဆိပ် မိခင်နို့အစားထိုး စားသောက်ကုန်များတွင် မြန်မာစာအညွှန်းပြည့်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေးပညာပေး ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

နီလာအေး(ပြန်/ဆက်)