မြင်းမူ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ အလှူရှင်စာရေးဆရာ မိုသျှန်းက ငွေကျပ် (၁၃၈၀၀၀) တန်ဖိုးရှိ သုတစာအုပ်များကို ယနေ့ နံနက်က ပေးပို့ လှူဒါန်းခဲ့ ကြောင်း သိရသည်။
အလှူရှင်ထံမှပေးပို့သော သုတစာအုပ်များကို အလှူရှင်ကိုယ်စား ဦးဝင်းနိုင် (ညောင်ရင်း) က ပေးအပ်ရာ၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဦးနေလင်းအောင်က လက်ခံရယူခဲ့ရာ လှူဒါန်းပေးပို့ခဲ့သည့် သုတစာအုပ်အရေအတွက်မှာ စာအုပ်(၅၀) ဖြစ်ကြောင်း သိရှိရသည်။
အလားတူ အလှူရှင်မှ မြင်းမူမြို့ တပင်ရွှေထီးရပ်ရှိ ရွှေအလင်းတန်းစာကြည့်တိုက်၊ ထီးဆောင်း ကျေးရွာ စန်းရောင်ခြည် စာကြည့်တိုက်နှင့် ညောင်ရင်းကျေးရွာ ပွင့်လင်းရောင်ခြည်စာကြည့်တိုက်များသို့ အလားတူ သုတစာအုပ် (၅၀) စီကို ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)