ခိုင်ကမ်း ဩဂုတ် ၂၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ခိုင်ကမ်းမြို့အတွင်း မဲစာရင်းပြည့်စုံမှန်ကန်မှုရှိရေးတို့အတွက် တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် နှစ်ဦးနှင့်အတူ မြို့အုပ်ချုပ်ရေးမှူး ခိုင်ကမ်းမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မဲစာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တစ်အိမ်တက်ဆင်းမဲစာရင်းစစ်ဆေးရာတွင် မြို့အတွင်းနေထိုင်သူများ အသက် ၁၈ နှစ်ပြည့်ပြီးသူများ မဲဆန္ဒ ပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် ကွယ်လွန်ပြီးသူများ သာသနာ့ဝန်ထမ်းများ အသက်ပြည့်မှီခြင်း မရှိသေးသောသူများ မဲစာရင်းတွင် ပါရှိမှုရှိပါက ပယ်ဖျက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အဆိုပါ တစ်အိမ်တက်ဆင်း မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းကို ခိုင်ကမ်းမြို့တွင် ၂၆-၈-၂၀၂၀ မှ ၃၁-၈-၂၀၂၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)