သန်လျင် သြဂုတ် ၂၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့လည်(၁၁)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သန်လျင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းတို့က မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်ရေး၊ လူစည်ကားရာ နေရာများတွင် အသိပညာပေးလုပ်ငန်းများ တို့ချဲ့ဆောင်ရွက်ရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာသူတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉နှင့် ပတ်သက်၍ အမိန့်ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်သွားရေး စသည်ဖြင့် ဆွေးနွေးမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး
ကော်မတီဝင်များက မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကဏ္ဍများအလိုက် ဆွေးနွေးမှာကြားသည်။ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအနေဖြင့် လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတာဝန်ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)