အမရပူရ - သြဂုတ် - ၂၇
အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မွေးနေ့အထိမ်းအမှတ် စာအုပ်ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ်လ (၂၇) ရက် နံနက် (၁၀) နာရီအချိန်က အဆိုပါစာကြည့်တိုက်တွင် ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါပေးအပ်လှူဒါန်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှ စာအုပ်အလှူရှင် ဆောင်းစုရတီစာပေတိုက် ဆရာမိုသျှန်း + ဇနီးမနွယ်နွယ်ဝင်း သမီး မဆောင်းစုရတီ မိသားစုတို့မှ သုတ ၊ ရသစာပေ၊ ကလေးစာပေနှင့် ဆောင်းစုရတီစာပေတိုက်မှထုတ်ဝေသော စာအုပ်(၅၀)တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးမှူးနှင့် စာကြည့်တိုက်မှူး ဒေါ်မင်းမင်းအေးတို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အလားတူ ဆောင်းစုရတီစာပေတိုက် မနွယ်နွယ်ဝင်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေအလင်းတန်းစာကြည့်တိုက်(မြင်းမူမြို့) ၊ အမရပူရမြို့နယ် ပြန်/ဆက် ပြည်သူ့စာကြည့်တိုက်၊ ဓမ္မဝတီ စာကြည့်တိုက်၊ ရွာသစ်ကြီးပွင့်လင်းရောင်ခြည်စာကြည့်တိုက် (မြင်းမူမြို့)၊ နယားပျံစာကြည့်တိုက် (စာတိုးအမရပူရ)၊ ကပ်ကျော်ဓမ္မစကူးစာကြည့်တိုက်(ကပ်ကျော်အမရပူရ)၊ စမ်းရောင်ခြည်စာကြည့်တိုက်(ထီးဆောင်းမြင်းမူမြို့)၊ စားတစ်ဇွန်းစာကြည့်တိုက် (ဘုရားကုန်းဟင်္သာတ)၊ မြင်းမူမြို့နယ် (ပြန်/ဆက်)စာကြည့်တိုက်၊ လင်းရောင်ခြည်စာကြည့်တိုက် (နန်းရှေ့မန္တလေး)၊ နန်းတော်ရှေ့နယ်လုံးဆိုင်ရာစာကြည့်သင်းတို့ကိုလည်း ဆောင်းစုရတီစာပေတိုက်မှ ထုတ်ဝေသော စာအုပ်မျိုးစုံ အုပ်(၅၀)စီကို မွေးနေ့အလှူအဖြစ် ပေးအပ်လှူဒါန်းခဲ့သည်။
ဟိန်းထက်(အမရ)