ထန်းတပင် (ပဲခူး) ဩဂုတ် ၂၇
ပဲခူးတိုင်ဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန် အတွက် နေအိမ်ပြင်ပ ထွက်ခွာလျှင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် လိုက်လံအသိပေး နှိုးဆော်ရေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီ မှစတင်ကာ မြို့ပတ်၍ လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် လက်ကိုမကြာခဏဆေးရန်၊ မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာလျှင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင် အသုံးပြုရန်၊ လက်သန့်ဆေးရည်များကို တစ်ပါတည်း ယူဆောင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအဝေးတွင် သာ နေထိုင်သွားလာကြရန် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)