ကွမ်းလုံ သြဂုတ် ၂၇
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် ကွမ်းလုံမြို့မစျေး၌ စျေးရောင်း၊ စျေးဝယ်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ရောင်းဝယ်ရန် ကွမ်းလုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ယနေ့ နံနက်(၉)နာရီက ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြိုနယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များကို အသိပညာပေးဆောင်ရွက်ကာ နှာခေါင်းစည်း (Mask)များ ကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)