ကျောက်ကြီး သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်−ကျောက်ကြီးမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဇူလိုင်လ (၂၁) ရက်နေ့မှ စတင်၍ Covid-19 ရောဂါ ကာကွယ်တားဆီးရေးနှင့် ဘေးကင်း လုံခြုံစွာ ဖွင့်လှစ်နိုင်ရေးအတွက် ဆန်းစစ်ချက် (A)အဆင့်ရရှိသော အထကကျောင်း(၅) ကျောင်းနှင့် အထက-ခွဲ (၁၂) ကျောင်း စုစုပေါင်း(၁၇) ကျောင်း တို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် ကျောင်းများကို ယာယီပိတ်ထားရန် တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားလာသောကြောင့် သြဂုတ်လ(၂၇)ရက် စ၍ ယာယီပိတ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အထက်တန်းအဆင့် စာသင်ကျောင်း (၁၇)ကျောင်းကို ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ရရှိမှသာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
K ခိုင် ပြန်/ဆက်