ကျောက်ကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ခြင်းအခမ်းအနားပြုလုပ်

ကျောက်ကြီး သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဒုတိယ အကြိမ် ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၁)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်Covid-19ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ကျောက်ကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက Covid-19 ရောဂါ စတင်ဖြစ်ပွားစဉ် ကာလအတွင်း အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ ပေးခဲ့သည့်အိမ်ထောင်စုများ၊ အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုဝင်များအား (၁၅၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ပြီး ပထမအကြိမ် သြဂုတ်လ(၅)ရက်နေ့က တစ်အိမ်ထောင်လျှင်( ၂၀၀၀၀ ) ကျပ် ထောက်ပံ့ ပေးခဲ့သော အိမ်ထောင်စုဝင်များကို ယခုဒုတိယအကြိမ် တစ်အိမ်ထောင်စုကို (၂၀၀၀၀)ကျပ် ထပ်မံ၍ ထောက်ပံ့ငွေ ပေးအပ်ခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်က နိုင်ငံတော်မှ Covid-19 ရောဂါ ဖြစ်ပွားသည့် ကာလရှည်ကြာလာမှုအတွက် အခြေခံလူတန်းစား များ စားသောက်ရေး အခက်အခဲ မဖြစ်ပေါ်စေရန် ထောက်ပံ့ငွေပေးရခြင်းဖြစ်ကြောင်းနှင့် Covid-19 ရောဂါကို သတိရှိရှိသွားလာ နေထိုင်ဖို့ လိုကြောင်းပြောကြားသွားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းရာတွင် တာဝန်ရှိသူများက ပြန်လည် ဖြေကြား ဆွေးနွေးပြီး ထောက်ပံ့ငွေများအား မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၁)အုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုဝင် (၉၆၆၆) အိမ်ထောင်စုအတွက် ထောက်ပံ့ငွေ (၁၉၃,၃၂၀,၀၀၀)သိန်းအား ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

K ခိုင် ပြန်/ဆက်