မော်လမြိုင် ဩဂုတ် ၂၇
မွန်ပြည်နယ်၊ မော်လမြိုင် (CBFQ)၌ COVID-19 Case (482) လူနာနှင့်ထိတွေ့ခဲ့သူ ကျန်းမာရေး စစ်ဆေးချက် အဖြေများကို ယနေ့ နေ့လယ်၌ Mon State Health Department Facebook Page ၌ တရားဝင်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် Case(482)လူနာနှင့်ထိတွေ့ခဲ့သော မော်လမြိုင်ခရိုင် ပညာရေးမှူးရုံးဝန်ထမ်းများ၊ နာရေးတွင် တွေ့ဆုံခဲ့သူများ၊ မန္တလာမင်းကားပေါ်တွင် တွေ့ဆုံခဲ့သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ Volunteer များ စုစုပေါင်း(၆၅)ဦးတို့ကို ၂၆.၈.၂၀၂၀ရက်နေ့တွင် ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးချက်အရ(၆၄)ဦးမှာ ပထမအကြိမ် Negative အဖြေထွက်ရှိပြီး နာရေးအိမ်တွင်ဆုံခဲ့သူ(၁)ဦး၏ ဓာတ်ခွဲအဖြေမှာ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ပြည်နယ်(ပြန်/ဆက်)