အလုံ သြဂုတ် ၂၈
အလုံမြို့နယ်တွင်း နေထိုင်ကြသော ပြည်သူများ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ယနေ့ ညနေပိုင်းက ပရိတ်တရားတော်များကို မြို့နယ်တွင်း ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အလုံမြို့နယ်သား/မြို့နယ်သူများ မကောင်းသောဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုဗစ်-၁၉ ရောဂါဘေး မကျရောက်စေရေးအတွက် မြို့နယ်သံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ သည် မြို့နယ် အတွင်းရှိ လမ်းမများ၊ ရပ်ကွက်တွင်း လမ်းများတွင် ပရိတ်တရားတော်များကို မော်တော်ယာဉ်ဖြင့် လှည့်လည် ရွတ်ဖတ် ခဲ့ကြသည်။
အဆိုပါ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၏ ဦးဆောင်ရွက်မှုဖြင့် မြို့နယ် သာသနနုဂ္ဂဟ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ပါဝင်ကူညီကုသိုလ်ပြုခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို ပြန်/ဆက်