သတင်းများ

တီးတိန်မြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 28,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ သြဂုတ်လ(၂၄)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု(၁)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တီးတိန်မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထွေးက ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မိုင်းကိုင်မြို့နယ်အတွင်း ပြည်သူဗဟိုပြု အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအောင်မြင် လာစေရေး ကွင်းဆင်းကြီးကြပ်
Aug 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ပြည်သူဗဟိုပြု အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများ၊ ရုံးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ယမန်နေ့ က လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဒေါ်နန်းဦးခမ်းသည် မိုင်းကိုင်မြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းကွင်းဆင်း ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့သည်။
ထီးလင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်
Aug 28,2020
ထီးလင်းမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများသို့ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ထီးလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဝိုင်းမော်မြို့နယ်၌ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 28,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာမှ သစ္စာစီမံချက်ဖြင့်ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်မှုကို ဩဂုတ်လ(၂၆)ရက်နေ့ မွန်းလွဲ(၂)နာရီက ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့ စည်ပင်သာယာစျေးကြီးတွင် စားသုံးကုန်များနှင့်ဆေးဝါးများ စျေးနှုန်းတိုးမြှင့်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 28,2020
မိတ္ထီလာမြို့ စည်ပင်သာယာစျေးကြီးတွင် ရောင်းချလျက်ရှိသော စားသုံးကုန်များနှင့်ဆေးဝါးများအား စျေးနှုန်းတိုးမြှင့်ရောင်းချခြင်း ရှိ/မရှိ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ရေး Mask campaign  ပြုလုပ်
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်​ရေးအတွက် မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား  Mask တပ်ဆင်သွားလာ​စေရန် Mask campaign  ပြုလုပ်ခြင်း ကို ယ​နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် မျိုးစေ့ထုတ်စပါးစိုက်ဧက (၄၅) ဧကအတွက် ကိုဗစ်- ၁၉ စီးပွားရေး ကုစားမှု(CERP) အစီအစဉ်ဖြင့် ထောက်ပံ့ငွေများ ပေးအပ်
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ်စပါးစိုက်တောင်သူများသို့ ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပရာ ရေကြည်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးလှမျိုးနွယ်၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်အေးအေးကျော်တို့က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စိုက်ပျိုးဆောင်ရွက် သွားရမည့် လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Aug 28,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနှင့် ဝန်ထမ်းများသည် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းရွေးချယ်ခြင်းများကို ယမန်နေ့က ဟွေထမ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။