ကော့ကရိတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ဒုတိယနေ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကော့ကရိတ်     သြဂုတ်   ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် ၃ ရပ်ကွက် မြို့မရဲစခန်းလမ်းထောင့်တွင် ပြုလုပ်ခဲ့သည်။

Mask Campaign ပြုလုပ်ရာတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုနှင့်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့များပါဝင်ပြီး လမ်းသွားလမ်းလာပြု လုပ်သူတိုင်း အပြင်ထွက်တိုင်း mask တပ်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးရမည်ဖြစ်ကြောင်း၊  စည်းကမ်းတကျဆောင်ရွက်မှသာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း လော်စပီကာများဖြင့်လည်း လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

စိုးထက်အောင်(ပြန်ဆက်)