ဟားခါး၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စီးပွားရေ:ကုစားမှု (CERP) အစီအစဉ် အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ
Aug 28,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စီးပွားရေ:ကုစားမှု (CERP)အစီအစဉ်အရ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်တွင် ဟားခါးမြို့၊ မြို့နယ်အထွထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် ဝန်ထမ်းများ၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဦးကြည်လှိုင်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးငင့်ဇဘွင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်နှင့် မြို့နယ်လယ်ယာစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ထောက်ပံ့ပေးအပ်မည့် ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။