ကျောက်တံတားမြို့နယ်အတွင်း ကိုဗစ်-၁၉​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် အသိပညာ​ပေး လှုပ်ရှားမှုများ​ ဆောင်ရွက်

​ကျောက်တံတား သြဂုတ် ၂၈

ပြည်သူများ Covid-19 ရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက် များ အတိုင်း လိုက်နာစေရန်နှင့် အပြင်ထွက်တိုင်း mask တပ်ဆင်ရေး အတွက် အသိပညာပေး နှိုးဆော်ခြင်း mask campaign ကို  ယမန်​နေ့နံနက်ပိုင်းက ​ကျောက်တံတား မြို့နယ်အတွင်းရှိ လမ်းမများ​ပေါ်တွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ ဆောင်ရွက်ရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးထူး​ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် Covid-19​ ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ် တုံ့ပြန်​ရေး​ကော်မတီဝင်များက ဆူလေးဘုရားလမ်း မဟာဗန္ဓုလလမ်း မ များ တွင် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း ၊ လက်ကိုင်ပိုစတာများဖြင့် အသိပညာပေးခြင်း ၊ အများပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ mask များ ဝေငှခြင်းများကို ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

ဇင်မျိုးသူ(ပြန်/ဆက်)