ရန်ကုန် သြဂုတ် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အထင်ကရ စျေးကြီးများဖြစ်သည့် ကြက်၊ ဘဲ စျေး၊ သိမ်ဖြူစျေးနှင့် စံပြစျေး တို့၌ ပြည်သူများကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပညာပေးအကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ကြေညာပေးခြင်းနှင့် Mask Campaign အဖြစ် Mask များ ဖြန့်ဝေ ပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီအဖွဲ့ဝင် (၆) ဒေါ်သန်းမြင့်အောင်၊ အဖွဲ့ဝင်(၁၁) ဦးမင်းဟန်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်တို့ ပူးပေါင်း၍ အဆိုပါစျေးများ အတွင်း ရောင်းချလျက်ရှိသော စျေးသည်များအား ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေးနှင့် ရောင်းချသူ / လာရောက်ဝယ်ယူသူ အားလုံး Mask တပ်ဆင်ပြီးမှသာ စျေးအတွင်းဝင်ရောက်ရေး၊ လက်ဆေးခြင်းကို လဲ မကြာခဏ ဆောင်ရွက် ပေးကြ စေရေးတို့ကို နှိုးဆော်ကြေညာပေးခဲ့ကြပြီး ပြည်သူများအား Mask များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)