ပုလောမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး လိုက်လံနှိုးဆော်
Aug 28,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပုလောမြို့နယ်၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်စောမြနွယ်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှပ်ပုံကျေးရွာမှ အဖြူရောင်တွဲလက်များပရဟိတအသင်းတို့ပူးပေါင်း၍ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်မှု ကြိုတင်ကာကွယ်ရေးနှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ယမန်နေ့နံနက် (၈) နာရီက ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ အသိပညာပေးလိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။