ဒဂုံမြောက် ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိ သူများ ပါဝင်သော အဖွဲ့သည် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်း (၃၀)ရပ်ကွက်၊ (၃၇)ရပ်ကွက်နှင့် ဗထူးလမ်း တစ်လျှောက်ရှိ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင် များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို အသိပညာ ပေးစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
စားသောက်ဆိုင်နှင့် လဘက်ရည်ဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် လက်ဆေးဘေစင် များထား ရှိခြင်း၊ လက်သန့် ဆေးရည်များ၊ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်းများ၊ ဆိုင်ထိုင်စားပွဲ များအား လူတစ်ဦး နှင့်တစ်ဦးကြား သက်မှတ် အကွာအဝေး ထားရှိမှုများ၊ သန့်ရှင်းရေး ဆောင်ရွက်မှုများ၊ အစားအစာများကို ပြင်ဆင်၊ ဝန်ဆောင်မှုပေးသူအားလုံး မျက်နှာကာ (Face Shield)၊ နှာခေါင်စည်း (Mask) များ တပ်ဆင်ထားခြင်း ရှိ/မရှိ၊ ဆိုင်အတွင်း၊ အပြင်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ ကျန်းမာရေးအသိပေး နှိုးဆော်ချက် ပိုစာတာ၊ ဆိုင်းဘုတ်များ ကပ်ထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေး ခဲ့ပြီး အဆိုပါစည်းကမ်းချက်များကို ဆိုင်ပိုင် ရှင်များ၊ ဆိုင်တာဝန်ခံများ၊ ဝန်ထမ်းများ လိုက်နာ ဆောင်ရွက် ခြင်းမရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)