ကန်ပက်လက် သြဂုတ် ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြုလုပ်သည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်သည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကန်ပက်လက်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကွီးထန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်က ချင်းပြည်နယ်သည် တပိုင်တနိုင်စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် ပြည်နယ် ဖြစ်သဖြင့် ဒေသနှင့်ကိုက်ညီမည့် မျိုးစပါးများကို ရွေးချယ်၍ စနစ်တကျ စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ထောက်ပံ့ငွေ ထုတ်ပေးရခြင်းအကြောင်း ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မျိုးစပါးထုတ် တောင်သူများဖြစ်ကြသည့် ပါကွင်းကျေးရွာနေ ဦးထန်းနိုင်းနှင့် အောက်ကန့်ကျေးရွာနေ ဦးထွန်းအောင်တို့အား တစ်ဧကလျှင် (၁၃၇၂၅၀)ကျပ်ဖြင့် စုစုပေါင်း (၄)ဧကအတွက် (၅၄၉၀၀၀)ကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းမောင်(ပြန်/ဆက်)