ကောလင်း သြဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား တားမြစ်ထားသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို ယနေ့နံနက် (၁၀)နာရီအချိန်က စစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးချမ်းမြတ်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံအစားအသောက် နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်သော အဖွဲ့သည် ဆေးမျိုးစုံအရောင်း ဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးဆိုင်ပိုင်ရှင်များအား တားမြစ်ထား သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)