ငရုတ်ကောင်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ပြင်ပသို့ထွက်ခွာသည့်အခါ Mask တပ်ဆင် သွားလာရေး အသိပညာပေး ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ငရုတ်ကောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇင်လင်း ဦးဆောင်သော ကော်မတီဝင်များသည် လူစည်ကားရာ လမ်းမတော်လမ်း တစ်လျှောက်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကန့်သတ်သွားနိုင်ရေး အတွက် ထုတ်ပြန် ထားသော စည်းကမ်းချက်များကို တိကျစွာ လိုက်နာနေထိုင်ရေးနှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေးတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ အသိပညာပေးလှုပ်ရှားမှု Mask Campaign ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ပြုံးမောင်မောင်(ပြန်/ဆက်)