ကော့သောင်း သြဂုတ် ၂၈
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံလာရောက်သည့် MV PAN GOLD သင်္ဘောပေါ်မှ သင်္ဘောသား (၁၇) ဦးနှင့် အိန္ဒိယနိုင်ငံမှလာရောက်သည့် MV-ADMIRALTY SPIRIT ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၃) ဦး စုစုပေါင်း သင်္ဘောသား (၂၀) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၂၀) ဦးမှာ ကော့သောင်းမြို့တွင်ကြိုတင်ရောက်ရှိနေသည့် MV PAN GOLD သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးကျော်နှင်းမောင်ပါ သင်္ဘောသား (၁၅)ဦး နှင့် MV-ADMIRALTY SPIRIT သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဉာဏ်ပြည့်ပါ သင်္ဘောသား (၃) ဦးတို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၃၈) ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁) ရက်ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)