ရှားတော သြဂုတ် ၂၈
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနများက ယနေ့ နံနက် (၈) နာရီ အချိန်က လူသွားလူလာများ သော ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်ဌာန များ ဖြစ်ကြသော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့က စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဗိုလ်ချုပ်လမ်း နှင့် မင်းခေါင်လမ်းပေါ်တွင် သွားလာနေသော ပြည်သူများအား နေအိမ်ပြင်ပသို့ သွားလာပါက မဖြစ်မနေ Mask တပ်ဆင်သွားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားပြီး Mask တပ်ဆင်ခြင်း မရှိ သော ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)